ကျွန်တော်တို့ (အိန္ဒိယအာဏာပိုင်များအခေါ်တရားခံများ)သည်အမှုနှင့်ပတ်သက်ပြီးအမှန်တရားကိုဖေါ်ထုတ်ရန် အမြဲတမ်းလိုလားခဲ့သည်၊ ယ္ခုလည်းလိုလားသည်၊ နောင်ကိုလည်းလိုလားမည်ဖြစ်သည်။ အိန္ဒိယအစိုးရသည် ကျွန်တော်တို့ ၏ခေါင်းဆောင် ၆ ဦးကိုသွေးအေးအေးဖြင့် လုပ်ကြံသတ်ဖြတ်ပြီးအလောင်း ကိုပါဖျောက်ပစ် ခဲ့သည်။ အိန္ဒိယအစိုးရ၏ ဤကဲ့သို့တရားဥပဒေမဲ့လုပ်ရပ်များကို ကျွန်တော်တို့ အနေဖြင့် ပြင်းပြင်း ထန် ထန်ပြစ်တင်ချုတ်ချသည်။
ကျွန်တော်တို့အား အိန္ဒိယနိုင်ငံတွင် (၁) နှစ်နေထိုင်ခွင့်နှင့်တတိယနိုင်ငံသို့  ထွက် ခွါခွင့်ပြုခဲ့သည့်အတွက် အထူးကျေးဇူးတင်ရှိသည်။
ကျွန်တော်တို့ ၏ခေါင်းဆောင် (၆) ဦးသွေးအေးအေးဖြင့် လုပ်ကြံသတ်ဖြတ်ခြင်းခံရခြင်း၊ ရဲဘော် (၂) ဦး ပျောက်ဆုံးသွားခြင်း၊ ထောင်မှလွတ်ပြီးနောက်ရဲဘော် (၁) ဦးသေဆုံးခြင်း၊ကျွန်တော်တို့ ၏ဘဏ္ဍာငွေများ ဆုံးရှုံးခြင်း နှင့် အခြားအားလုံးသောနစ်နာ ဆုံးရှုံးမှုများ အတွက် အိန္ဒိယအစိုးတွင် အပြည့်အဝ တာဝန်ရှိသည်။
(၁၅) နှစ်အတွင်း ကျွန်တော်တို့ ၏အနီးစပ်ဆုံး နစ်နာဆုံးရှုံးမှုများကိုဖေါ် ပြရလျှင်
၁။ ကျွန်တော်တို့ ၏တော်လှန်ရေးခေါင်ဆောင် ၆ ဦးသွေးအေးအေးဖြင့်လုပ်ကြံသ တ်ဖြတ်ခြင်းခံရခြင်း ၊
(ကျွန်တော်တို့ ၏တိုင်းပြည်နှင့်လူမျိုးအတွက်အစားထိုးမရသောနစ်နာဆုံးရှုံးမှု)
၂။ ရဲဘော် ၂ ဦးပျောက်ဆုံးခြင်းနှင့် ၁ ဦးသေဆုံးခြင်း ၊
၃။ ကျွန်တော်တို့ ၏တိုင်းပြည်နှင့်လူမျိုးအတွက် လက်နက်၊ ခဲယမ်းမီးကျောက် နှင့် ဘဏ္ဍာငွေ များဆုံးရှုံးခြင်း ၊(အသက်၊သွေး၊ချွေးများဖြင့်ရှာဖွေစုဆောင်းထားသောရုပ်ဝတ္ထုများဆုံးရှုံးခြင်း (၀ါ) အသက်၊သွေး၊ချွေးများ
ဆုံးရှုံးခြင်း)
၎။ ကျွန်တော်တို့ ၏အရေးအကြီးဆုံးသော၊ တောက်ပြောင်သောအချိန်များဆုံးရှုံးခြင်း ၊
(အစားထိုးမရနိုင်သော အချိန်များဆုံးရှုံးခြင်း)
၅။ ကျွန်တော်တို့ အဖွဲ့ အစည်း၏ဘဏ္ဍာဝင်ငွေများဆုံးရှုံးခြင်း ၊(ရခိုင်ပြည်တပ်မတော်၏တနှစ် ၀င်ငွေသည်
အမေရိကန်ဒေါ်လာ ၁.၅ သန်းနှင့် ၃သန်း ကြားတွင်ရှိခဲ့သည်။ ၁၅ နှစ်အတွက်နစ်နာဆုံးရှုံးမှု နှင့် ၄င်းမှတိုးပွါး
လာမည့်အမြတ်အစွန်းနှင့်အကျိုးအမြတ်များဆုံးရှုံးခြင်း)
၆။ ကျွန်တော်တို့ ၏လုပ်အားနှင့်ဝင်ငွေဆုံးရှုံးခြင်း ၊ (တစ်ယောက်အတွက်တစ်လ၀င်ငွေအန ည်းဆုံးRs.5000/- ၃၆ ဦး ၁၅ နှစ်အတွက်ဝင်ငွေဆုံးရှုံးခြ င်း)
၇။ အမှုအတွက်စုစုပေါင်းခန်းမှန်းခြေကုန်ကျငွေ အိန္ဒိယရူပီငွေ သိန်း ၈၀ ဆုံးရှုံးခြင်း၊
၈။ တိုးတက်စည်ပင်လာမည့်ကျွန်တော်တို့ ၏တော်လှန်ရေးနစ်နာဆုံးရှုံးခြင်း။
ဤနစ်နာဆုံးရှုံးမှုများသည် ရခိုင်ပြည်တပ်မတော်နှင့်ရခိုင့်တော်လှန်ရေးခရီးကို နှစ်ပေါင်း (၂၀) မက နောက် ဆုတ်ရပ်တန့် နှောင့်နှေးစေခဲ့သည်၊ ဤသို့ ဖြစ်အောင်ရည်ရွယ်ချက်ရှိရှိ ဘ၀တူအဆင့်တူ လူမျိုးနှစ် မျိုး၊ နိုင်ငံနှစ်နိုင်ငံအကျိုးတူ ပူးပေါင်းဆောင်ရွက် နှိမ်နှင်းလိုက်ခြင်းဖြစ်သည်။
ကျွန်တော်တို့အား အိန္ဒိယနိုင်ငံတွင် (၁) နှစ်နေထိုင်ခွင့်နှင့်တတိယနိုင်ငံသို့  ထွက် ခွါခွင့်ပြုခဲ့သည့်အတွက် အထူးကျေးဇူးတင်ရှိသည်။
ကျွန်တော်တို့ ၏ခေါင်းဆောင် (၆) ဦးသွေးအေးအေးဖြင့် လုပ်ကြံသတ်ဖြတ်ခြင်းခံရခြင်း၊ ရဲဘော် (၂) ဦး ပျောက်ဆုံးသွားခြင်း၊ ထောင်မှလွတ်ပြီးနောက်ရဲဘော် (၁) ဦးသေဆုံးခြင်း၊ကျွန်တော်တို့ ၏ဘဏ္ဍာငွေများ ဆုံးရှုံးခြင်း နှင့် အခြားအားလုံးသောနစ်နာ ဆုံးရှုံးမှုများ အတွက် အိန္ဒိယအစိုးတွင် အပြည့်အဝ တာဝန်ရှိသည်။
(၁၅) နှစ်အတွင်း ကျွန်တော်တို့ ၏အနီးစပ်ဆုံး နစ်နာဆုံးရှုံးမှုများကိုဖေါ်
၁။ ကျွန်တော်တို့ ၏တော်လှန်ရေးခေါင်ဆောင် ၆ ဦးသွေးအေးအေးဖြင့်လုပ်ကြံသ
(ကျွန်တော်တို့ ၏တိုင်းပြည်နှင့်လူမျိုးအတ
၂။ ရဲဘော် ၂ ဦးပျောက်ဆုံးခြင်းနှင့် ၁ ဦးသေဆုံးခြင်း ၊
၃။ ကျွန်တော်တို့ ၏တိုင်းပြည်နှင့်လူမျိုးအတ
ဆုံးရှုံးခြင်း)
၎။ ကျွန်တော်တို့ ၏အရေးအကြီးဆုံးသော၊ တောက်ပြောင်သောအချိန်များဆံ
(အစားထိုးမရနိုင်သော အချိန်မ
၅။ ကျွန်တော်တို့ အဖွဲ့ အစည်း၏ဘဏ္ဍာဝင်ငွေများဆုံးရှ
အမေရိကန်ဒေါ်လာ ၁.၅ သန်းနှင့် ၃သန်း ကြားတွင်ရှိခဲ့သည်။ ၁၅ နှစ်အတွက်နစ်နာဆုံးရှုံးမှု နှင့် ၄င်းမှတိုးပွါး
လာမည့်အမြတ်အစွန်းနှင့်အကျု
၆။ ကျွန်တော်တို့ ၏လုပ်အားနှင့်ဝင်ငွေဆုံးရှ
၇။ အမှုအတွက်စုစုပေါင်းခန်းမှန်
၈။ တိုးတက်စည်ပင်လာမည့်ကျွန်တေ
ဤနစ်နာဆုံးရှုံးမှုများသည် ရခိုင်ပြည်တပ်မတော်နှင့်ရခိ
ဤဖြစ်ရပ်သည် လက်ရှိပကတိ ရခိုင့်နိုင်ငံ ရေးအခြေအနေကို ထင်ဟပ်ဖေါ်ပြနေသည်။
ရခိုင်ပြည်သူ ပြည် သားများ၏ အချုပ်အချာအာဏာပြန်လည်ရရှိ အောင်ကြိုးပန်းမှု
တော်လှန်ရေးလမ်းခရီးတွင်စည်းလုံးညီ ညွတ်မှုကိုအခြေခံပြီး မိမိတို့ အင်အားကို မိမိတို့ကိုယ်တိုင် စုစည်းတည်ဆောက်ကာ ကြိုးစားရုန်းကန်ရုံမှလွဲ၍ မည်သည့်ပတ်ဝန်းကျင်နိုင်ငံများ၏ အကူအညီကိုမှ မရနှိုင်ဆိုသည်ကို ဖေါ်ပြလိုက်ခြင်းဖြစ်သည်။
လက်ရှိ ရခိုင်ပြည်တွင် ဖြစ်ပွါးနေသောပြဿနာများနှင့်  ရခိုင်လူမျိုးတို့  ကြုံတွေ့ခံစားနေကြရသော ဒုက္ခ ဆင်းရဲအမျိုးမျိုးတို့သ ည် မိမိတို့ရခိုင်လူမျိုးလက်ထဲ တွင် မိမိတို့ကံကြမ္မာကို မိမိတို့ လူမျိုးကိုယ်တိုင် ကိုင်တွယ် မဖြေရှင်းနိုင်၍ ဖြစ်ပွါးကြီးထွားနေခြင်းဖြစ်သောကြောင့် အချုပ်အချာအာဏာ မိမိတို့ရခိုင်လူမျိုးလက်ထဲ အမြန်ဆုံး ပြန်လည်ရရှိအောင်ကြိုးပမ်းေ ရးသည် ဤနေ့ဤအချိန် ကျွန်ုပ်တို့ရခိုင်လူမျိုးအ တွက်
သေရေး ရှင်ရေးတမျှ အရေးကြီးနေပါသည်။
အုပ်ချုပ်သူ ဗမာလူမျိုးများကြီးစိုးသော
အစိုးရအဆက်ဆက်သည် မည်သည့်အခါမှ ကျွန်တော်တို့၏လို အပ် ချက်များကို ပြေပြေလည်လည်နှင့်ဖြည့်ဆည်း ပေးမည်မဟုတ်ပေ၊ ရှေ့ဆက်လက်ပြီး တိုင်းရင်းသား လူမျိုးများ အေ ပါ် အမျိုးမျိုး လိမ်လည်လှည့်ဖြားကာ ၄င်းတို့ အာဏာကို ဆက်လက်ချုပ်ကိုင်နှိုင်အောင် ကြိုးပမ်းသွားကြ အုံးမည်ဖြစ် သည်။
ကျွန်တော်တို့ ရခိုင်လူမျိုးများအနေဖြင့် ဥာဏ်ပညာ၊ သတိ၊ ၀ိရိယ ကိုသုံးကာ အဓိကနှင့်သာမညကိုခွဲခြားပြီး ထောင်ကိုလိုလျှင် ရာကိုစွန့်ရမည်ဟူသော သဘောတရားကို ကျင့်သုံးကာ ရန်သူ့ပရိယာယ်လှည့်ကွက်ထဲမှာ တ၀ဲလည်လည်နှင့်ဆက်လက်မျောပါ လည်ပတ်လျက် နောက်ဆုံးလုံးပါးပါးကာ တိုင်းပြည်လည်းဆုံး လူမျိုး လည်း ပြုန်းသည့်အဖြစ်သို့မရောက်ေ စရန် အချိန်ရှိခိုက် ထကြွလုံးလစိုက်လျှက် လက်ရှိတိုးတက်ပြောင်း လဲနေသော ကမ္ဘာ့နိုင်ငံရေး ရေစီးကြောင်းအတိုင်း အမြော်အမြင်ရှိရှိ မိမိတို့ရခိုင်လူမျိုးနှင့် ရခိုင်ပြည်ကြီး ကိုအချိန်မှီ ကယ်တင် ပြန်လည် တည်ဆောက်နိုင်ရန် ကြိုးပမ်းရန်လိုအပ်ပါကြောင်း ။
နေ့ စွဲ (၁၁၊ ၀၂၊ ၂၀၁၃)
ရခိုင်နှင့် ကရင် တော်လှန်ရေး ရဲဘော်များ
နေ့ စွဲ (၁၁၊ ၀၂၊ ၂၀၁၃)
ရခိုင်နှင့် ကရင် တော်လှန်ရေး ရဲဘော်များ
No comments:
Post a Comment