Wednesday, 20 February 2013

“မြန်မာနိုင်ငံတွင် သမိုင်းဝင်ကုလား သို့မဟုတ် ဘင်္ဂါလီရှိသည်ကို အသိအမှတ်ပြုပါသလားနှင့် စပ်လျဉ်းသည့်မေးခွန်း” အား စစ်တွေမဲဆန္ဒနယ်မှ ဦးခင်မောင်ညိုအမေးနှင့် ဒုတိယဝန်ကြီး ဦးကျော်ကျော်ဝင်း အဖြေ

ရခိုင်ပြည်နယ် ဒေသခံ ရခိုင်တိုင်းရင်းသားများနဲ့ ဧည့်သည်တစ် ဖက်နိုင်ငံမှ ကုလား ခေါ် ဘင်္ဂါလီ မျိုးနွယ်စု ပဋိပက္ခ ဖြစ်ကြရာ တွင် နှစ်ဖက်စလုံးမှ အသေအပျောက်များ၍ ပစ္စည်းဥစ္စာများ ဆုံးရှုံး နစ်နာခဲ့ကြပါတယ်။ ၁၉၄၆ ခုနှစ်ကပင် ရန်စခဲ့သော ပဋိပက္ခသည် အကြိမ်များစွာ ပျောက်လိုက်ပေါ်လိုက် ဖြစ်ခဲ့သည်မှာ ၂၀၁၂ ခုနှစ်အထိ သက်တမ်းရှည်ခဲ့ပါတယ်။ သမိုင်းတွင် မရှိခဲ့သည့် တရားမဝင်သော လို အပ်ဆန္ဒကြောင့် သူများပစ္စည်းကို မတရားလိုလားတောင်းဆိုမှု၊ လုယက် တိုက်ခိုက်မှု၊ 
 
အကြမ်းဖက်မှုများကြောင့် အေးချမ်းစွာ နေလိုသော ဒေသခံ ရခိုင်တိုင်းရင်းသား များမှာ မိမိတို့ ပိုင်ဆိုင်သော ပိုင်နက်ကို ကာကွယ်သည့် အနေဖြင့် လည်းကောင်း၊ ပြည်ထောင်စုကို ကာကွယ်သည့် အနေသည့် လည်းကောင်း ကျူးကျော်ရန်စမှုကို မခိုင်ဘဲ ဆန္ဒအရ ကာကွယ်ခဲ့ကြပါတယ်။ အကြောင်းအရင်းမှာ လုတဲ့ သူနဲ့ အလုခံရသူများက ဘယ်သူလွန်သည်ကို ကြည့်ကြ မည်ဖြစ်ပါတယ်။ အင်္ဂလိပ်ကိုလိုနီခေတ်တွင် လူဝင်မှုကြီးကြပ်ရေးဌာနမရှိဘဲ အင်္ဂလိပ်များမှာ ကူလီ လုပ်ရန်လည်းကောင်း၊ ဝန်ထမ်းလုပ်ရန် လည်းကောင်း ဧည့်သည်စစ်တကောင်း နယ်သား ကုလားခေါ် ဘင်္ဂါလီများကို မြန်မာနိုင်ငံ အတွင်းသို့ ခေါ် ယူသွင်းလာခဲ့တာ လွတ်လပ်ရေးရပြီးနောက် ကုလား ဆူပူ မူဂျာဟစ် ရခိုင်ရွာပေါင်း ၃၀၀ ကျော်ကို မိမိတို့ ပိုင်နက် နေရာဒေသမှ ရခိုင်များကို အကြမ်းဖက်၍ မောင်းထုတ်ခဲ့ပါတယ်။ ရခိုင်လူမျိုးများ ပိုင်ဆိုင်သော ဘိုးဘွာပိုင်မြေ၊ နေရပ်ပစ္စည်းများကို ရယူ သိမ်းဆည်းပြီး နယ်ချဲ့ခဲ့သော အဲဒီဘင်္ဂါလီများ သည် ဖြစ်ကြပါတယ်။ 
 
ရခိုင်များက ဘင်္ဂါလီများ ကို မျိုးတုန်းသတ်ဖျက်သည်ဟု အယ်ဂျာစီးယား ရုပ်မြင်သံကြားမှ ပုံကြီးချဲ့ပြီးလွှင့် သည်မှာ လုံးဝ မမှန်ကန်ပါ။ ဘင်္ဂါလီများကို ရာဂဏန်းမှ ထောင်ဂ ဏန်း၊ ထောင်ဂဏန်း မှ သောင်းဂဏန်း၊ သောင်းဂဏန်းမှ သိန်းဂဏန်းသို့ တိုးပွားလာခြင်းမှာ မျိုးတုန်းသတ်ဖြတ်ခြင်း မဟုတ် ပါဘူး။
 
 မှန်သည် မှားသည်ကို လွှတ်တော်ကိုယ်စားလှယ်များ စဉ်းစားကြည့်လျှင် သိရှိနိုင်ပါတယ်။ ကုလားဝေါဟာ ရနဲ့ ဘင်္ဂါလီဝေါဟာရနှစ်ခု ပျောက်စေရန် နည်းမျိုးစုံကြံပြီး ကြိုးစားနေခြင်းသာဖြစ်ပါတယ်။ ကမ္ဘာ့နိုင်ငံ မှ ဘာသာတူများကိုစုစည်း၍ ဘာသာရေးပဋိပက္ခအသွင်ဖန်တီးနေခြင်းသာ ဖြစ်ပါ တယ်။
 
 မြန်မာ နိုင်ငံကုလားဟူသော ဝေါဟာရကို နည်းမျိုးစုံနဲ့ ခြောက်လန့်ဆောင်ရွက်နေခြင်းဖြစ်ပါတယ်။ သို့သော် ဥပမာ- ဦးကုလားရာဇဝင်ကြီး၊ ဇင်းမယ်ကုလား၊ သွေးသောက်ကြီးကန်ကုလား၊ ကုလားမနိုင် ရခိုင်မဲ၊ ကု လားဖြူ၊ ကုလားမဲ၊ ကုလားထိုင်၊ ကုလားကာ၊ ကုလားပဲ၊ ဖဲထုတ်တို့တွင် ပါသော ကုလားတို့မှာ ကုလားဝေါ ဟာရများ ဖြစ်ကြပါတယ်။ ကုလားသည် လူ၏ဥပဓိရုပ်ကို မြင်လျှင် ပါးစပ်မှ လွတ်ခနဲ အလိုလို ကုလားဟု ထွက်သော ကုလားဟူသော ဝေါဟာရကို ထုတ်၍မရပါဘူး။ လွတ်လပ်ရေးရပြီး နောက်ပိုင်း လူဝင် မှုကြီးကြပ်ရေးဌာနမှ ယာယီမှတ်ပုံတင်ပေးသည့်အခါ စာရင်းသွင်းပုံစံတွင် ပုံစံ(၁)၌ ကိုးကွယ်သည့်ဘာသာ မှာ အစ်စလာမ်ဘာသာ၊ လူမျိုးက ဘင်္ဂါလီဟု အစစ်ခံထားပါတယ်။ သူတို့ က သူတို့က အစစ်ခံထားတာပါ။ 
 
ကုလား သို့မဟုတ် ဘင်္ဂါလီများက အတိအကျမြန်မာနိုင်ငံက သမိုင်းဝင်ဝေါဟာရဖြစ်ပါတယ်။ ရခိုင်လူမျိုးကို ရခိုင် သို့မဟုတ် ရက္ခိ ဟုခေါ်ပါတယ်။ မြန်မာလူမျိုးကို မြန်မာ သို့မဟုတ် ဗမာ ဟုခေါ်ပါတယ်။ ဂျပန်လူမျိုးကို ဂျပန် သို့မဟုတ် နီပွန်ဟုခေါ်ထားပါတယ်။ ကုလားလူမျိုးကိုလည်း ကုလား သို့မဟုတ် ဘင်္ဂါလီဟု ခေါ်ပါသည်။ ဤဝေါဟာရများကို မည်သည့်‌ အာဏာနဲ့မျှ ဖယ်ရှား၍မရပါ။ 
 
နယ်မြေသစ်တစ်ခုရှာပြီး ပြောင်းရွှေ့ပစ်ရင်တော့ ကောင်းမှာပါ။ မြန်မာ နိုင်ငံ၏ ဥပဒေကို လိုက်နာမည် ဟုပြောလျှင် ပြည်ထောင်စုမြန်မာနိုင်ငံကို သစ္စာရှိရပါမည်။ ၁၉၈၂ ခုနှစ် တည်ဆဲဥပဒေသည် နိုင်ငံခြား သား မြန်မာနိုင်ငံကို ဝါးမြိုရန် စိတ်ကူးယဉ်နေခြင်းကို ဥပဒေနှင့် တားမြစ်ထားခြင်းဖြစ်ပါတယ်။ 
 
ဥက္ကဋ္ဌကြီးခင်ဗျား။ ဥက္ကဋ္ဌကြီးမှတစ်ဆင့် အောက်ပါ မေးခွန်းနှစ်ခုကို ဖြေကြားပေးပါရန် မေတ္တာရပ်ခံအပ်ပါတယ်။ (၁) မြန်မာနိုင် ငံတော်သမိုင်းတွင် ကုလား သို့မဟုတ် ဘင်္ဂါလီ ရှိသည်ဟု အသိအမှတ်ပြုပါသလား။ (၂) ကုလား ဘင်္ဂါလီ ရှိပါလျက်နှင့် တီထွင်ထားသောအမည်ကို တားမြစ်ပေးပါမည်လား။ အားလုံးကိုကျေးဇူးတင်ပါတယ်။
--------------------------------------------  
ုတိယဝန်ကြီး ဦးကျော်ကျော်ဝင်း အဖြေ

“မြန်မာနိုင်ငံတွင် သမိုင်းဝင်ကုလား သို့မဟုတ် ဘင်္ဂါလီရှိသည်ကို အသိအမှတ်ပြုပါသလားနှင့်  စပ်လျဉ်းသည့်မေးခွန်း” အား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်ကျော်ဝင်း မှ ဖြေကြားရာတွင်-

မြန်မာနိုင်ငံသည် အိမ်နီးချင်းနိုင်ငံများဖြစ်သော အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့နှင့် ကုန်းမြေနယ်နိမိတ်ချင်း ထိစပ်လျက် ရှိသဖြင့် ရှေးပဝေသဏီ ကာလမှပင် တစ်နိုင်ငံနှင့် တစ်နိုင်ငံ ကူးလူးသွာလာဆက်ဆံမှုများရှိခဲ့ရာ အိန္ဒိယနိုင်ငံဘက်မှ ကူးလာသူများကို ကုလားလူမျိုးဟူ၍ လည်းကောင်း၊ ဥရောပတိုက်မှ ပြောင်းရွှေ့ လာကြသည့် အင်္ဂလိပ်လူမျိုးများအား ကုလားဖြူ ဟူ၍လည်းကောင်း ခေါ်ဆိုခဲ့ကြကြောင်း သိရပါတယ်။ ခရစ်သက္ကရာဇ် ၁၈၂၄ ခုနှစ်တွင် အင်္ဂလိပ်-မြန်မာ ပထမအကြိမ် စစ်ပွဲဖြစ်ပွားခဲ့ပြီးနောက် မြန်မာနိုင်ငံ၏ ပိုင်နက်ဖြစ်သော ရခိုင်ပြည်နယ်နှင့် တနင်္သာရီဒေသတို့အား အင်္ဂလိပ်ကိုလိုနီ လက်အောက်သို့ ကျရောက်ခဲ့စဉ် ရခိုင်နှင့်တနင်္သာရီဒေသများကို အိန္ဒိယနိုင်ငံ၏ အစိတ်အပိုင်းတစ်ခုအဖြစ် ထည့်သွင်းအုပ်ချုပ်ခြင်းခံခဲ့ရပြီး ဆက်လက်၍ ရခိုင်ဒေသအား အနောက် ဘင်္ဂလားသို့ သွတ်သွင်းခဲ့ကာ ရခိုင်ပြည်နယ်ထဲသို့ ဘင်္ဂလားနယ်မှ မူဆလင်အများအပြား ဝင်ရောက် အခြေချလာခဲ့ကြကြောင်းနှင့် ဘင်္ဂလားနယ်မှ လာကြသူများဖြစ်၍ ၎င်းတို့အား ဘင်္ဂလီဟု ခေါ်ဆိုခဲ့ကြပါတယ်။ ရခိုင်ပြည်နယ်သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် နယ်နိမိတ်ချင်းထိစပ်နေ၍ ရာသီအလိုက် လယ်ယာလုပ်သားများ ဝင်ရောက်လာကြပြီး နောက်ပိုင်းကာလများတွင် ၎င်းတို့သည် ရခိုင်ပြည်နယ်တွင် အ‌ခြေချနေထိုင်လာခဲ့ကြသည်များလည်း ရှိခဲ့ပါတယ်။ 
မြန်မာနိုင်ငံအတွင်းသို့ ပြည်ပနိုင်ငံများမှ ပြောင်းရွှေ့ရောက်ရှိနေထိုင်လာကြသူများအား ၎င်းတို့၏ မိဘဘိုးဘွားအစဉ်အဆက် နေထိုင်လာခဲ့သည့် မူရင်းနိုင်ငံအပေါ် အ‌ခြေခံလျက်ခေါ်ဆို ခဲ့ကြရာ အင်္ဂလိပ်စစ်တပ်တွင် အမှုထမ်းကာ မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့ကြသည့် နီပေါနိုင်ငံမှ လူမျိုးများအား နီပေါလ်ခေါ် ဂေါ်ရခါးဟု ခေါ်ဆိုခဲ့ကြပါတယ်။ မြန်မာနိုင်ငံတွင် ၁၉၇၃ ခုနှစ် သန်းခေါင်စာရင်းမှတ်တမ်းများအရ တိုင်းရင်းသားမဟုတ်သည့် နိုင်ငံခြားသားလူမျိုးအမည်များမှာ တရုတ်၊ အိန္ဒိယ၊ ပါကစ္စတန်၊ ဘင်္ဂါလီ၊ နီပေါလ်လူမျိုးများဖြင့် မှတ်တမ်းတင်ထားခဲ့ပါသည်။ ထို့အပြင် ၁၉၈၃ ခုနှစ် သန်းခေါင်စာရင်း မှတ်တမ်းများတွင်လည်း တိုင်းရင်းသား မဟုတ်သည့် နိုင်ငံခြားလူမျိုး အမည်များမှာ တရုတ်၊ အိန္ဒိယ၊ ပါကစ္စတန်၊ ဘင်္ဂါလီ၊ နီပေါလ် လူမျိုးများဟူ၍ တရားဝင်မှတ်တမ်း ထားရှိခဲ့ပါတယ်။ ၁၉၅၈ ခုနှစ် အိမ်စောင့်အစိုးရလက်ထက်တွင် အမျိုးသားမှတ်ပုံတင် သက်သေခံ ကတ်ပြား ထုတ်ပေးရေးဆောင်ရွက်ရာတွင် ရုံးလက်ခံပုံစံ(၁)မှတ်တမ်းများတွင် ရခိုင်ပြည်နယ်ရှိ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ခေတ်အဆက်ဆက် ရောက်ရှိနေထိုင်ခဲ့ကြသူများအား မူဆလင်လူမျိုးများဟု ရေးသွင်းခဲ့ပြီး ၁၉၇၃ ခုနှစ်၊ သန်းခေါင်စာရင်း ကောက်ယူပြီးနောက်ပိုင်းတွင် မူဆလင်သည် ဘာသာ ဖြစ်၍ ပုံစံ(၁)များတွင် ဘင်္ဂလီလူမျိုးများဖြင့်သာ မှတ်တမ်းတင်ခဲ့ကြောင်း တွေ့ရပါတယ်။ သို့ဖြစ်ပါ၍ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် မေးမြန်းထားသည့်အတိုင်း မိမိဌာနအနေဖြင့် ဘင်္ဂလီလူမျိုး များဖြင့်သာ မှတ်တမ်းတင်ထားရှိကြောင်း ဖြေကြားအပ်ပါတယ်။ ယနေ့အချိန်အထိ စာရင်းဇယား ကောက်ယူခြင်း၊ စိစစ်ခြင်းများဆောင်ရွက်ရာတွင်လည်း နောက်ကြောင်းမရှိ တီထွင်ပြောဆိုနေသော လူမျိုးအမည်သစ်စာရင်းများကို ထည့်သွင်းဖော်ပြခြင်းမရှိဘဲ ရှေးနှစ်ပေါင်းများစွာကတည်းကပင် အတည်ပြုထားသော အမည်နာမအခေါ်အဝေါ်အတိုင်းပင် အသိအမှတ်ပြုခေါ်ဝေါ် အသုံးပြုဆဲ ဖြစ်ပါကြောင်း ဖြေကြားအပ်ပါတယ်ခင်ဗျား။ အားလုံးကို ကျေးဇူးတင်ပါတယ်။
“မြန်မာနိုင်ငံတွင် သမိုင်းဝင်ကုလား သို့မဟုတ် ဘင်္ဂါလီရှိသည်ကို အသိအ မှတ်ပြုပါသလားနှင့် စပ်လျဉ်းသည့်မေးခွန်း” အား လူဝင် မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်ကျော်ဝင်းမှ ဖြေကြားရာတွင်-

မြန်မာနိုင်ငံသည် အိမ်နီးချင်းနိုင်ငံများဖြစ်သော အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံ တို့နှင့် ကုန်းမြေနယ်နိမိတ်ချင်း ထိစပ်လျက် ရှိသဖြင့် ရှေးပဝေသဏီ ကာလ မှပင် တစ်နိုင်ငံနှင့် တစ်နိုင်ငံ ကူးလူးသွာလာဆက်ဆံမှုများရှိခဲ့ရာ အိန္ဒိယနိုင် ငံဘက်မှ ကူးလာသူများကို ကုလားလူမျိုးဟူ၍ လည်းကောင်း၊ ဥရောပတိုက် မှ ပြောင်းရွှေ့ လာကြသည့် အင်္ဂလိပ်လူမျိုးများအား ကုလားဖြူ ဟူ၍လည်းကောင်း ခေါ်ဆိုခဲ့ကြကြောင်း သိရပါတယ်။ 
 
ခရစ်သက္ကရာဇ် ၁၈၂၄ ခုနှစ်တွင် အင်္ဂလိပ်-မြန်မာ ပထမအကြိမ် စစ်ပွဲဖြစ်ပွားခဲ့ပြီးနောက် မြန်မာနိုင်ငံ၏ ပိုင်နက်ဖြစ်သော ရခိုင်ပြည်နယ်နှင့် တနင်္သာရီဒေသတို့အား အင်္ဂလိပ်ကိုလိုနီ လက်အောက်သို့ ကျရောက် ခဲ့စဉ် ရခိုင်နှင့်တနင်္သာရီဒေသများကို အိန္ဒိယနိုင်ငံ၏ အစိတ်အပိုင်းတစ်ခုအဖြစ် ထည့်သွင်းအုပ်ချုပ်ခြင်းခံခဲ့ရပြီး ဆက်လက်၍ ရခိုင်ဒေသအား အနောက် ဘင်္ဂလားသို့ သွတ်သွင်းခဲ့ကာ ရခိုင်ပြည်နယ်ထဲသို့ ဘင်္ဂလားနယ် မှ မူဆလင်အများအပြား ဝင်ရောက် အခြေချလာခဲ့ကြကြောင်းနှင့် ဘင်္ဂလားနယ်မှ လာကြသူများဖြစ်၍ ၎င်း တို့အား ဘင်္ဂလီဟု ခေါ်ဆိုခဲ့ကြပါတယ်။ ရခိုင်ပြည်နယ်သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် နယ်နိမိတ်ချင်းထိစပ်နေ ၍ ရာသီအလိုက် လယ်ယာလုပ်သားများ ဝင်ရောက်လာကြပြီး နောက်ပိုင်းကာလများတွင် ၎င်းတို့သည် ရခိုင်ပြည်နယ်တွင် အ‌ခြေချနေထိုင်လာခဲ့ကြသည်များလည်း ရှိခဲ့ပါတယ်။ 

မြန်မာနိုင်ငံအတွင်းသို့ ပြည်ပနိုင်ငံများမှ ပြောင်းရွှေ့ရောက်ရှိနေထိုင်လာကြသူများအား ၎င်းတို့၏ မိဘဘိုး ဘွားအစဉ်အဆက် နေထိုင်လာခဲ့သည့် မူရင်းနိုင်ငံအပေါ် အ‌ခြေခံလျက်ခေါ်ဆို ခဲ့ကြရာ အင်္ဂလိပ်စစ်တပ်တွင် အမှုထမ်းကာ မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့ကြသည့် နီပေါနိုင်ငံမှ လူမျိုးများအား နီပေါလ်ခေါ် ဂေါ်ရခါး ဟု ခေါ်ဆိုခဲ့ကြပါတယ်
 
။ မြန်မာနိုင်ငံတွင် ၁၉၇၃ ခုနှစ် သန်းခေါင်စာရင်းမှတ်တမ်းများအရ တိုင်းရင်းသားမဟုတ် သည့် နိုင်ငံခြား သားလူမျိုးအမည်များမှာ တရုတ်၊ အိန္ဒိယ၊ ပါကစ္စတန်၊ ဘင်္ဂါလီ၊ နီပေါလ်လူမျိုးများဖြင့် မှတ်တမ်းတင်ထား ခဲ့ပါသည်။ ထို့အပြင် ၁၉၈၃ ခုနှစ် သန်းခေါင်စာရင်း မှတ်တမ်းများတွင်လည်း တိုင်းရင်းသား မဟုတ် သည့် နိုင်ငံခြားလူမျိုး အမည်များမှာ တရုတ်၊ အိန္ဒိယ၊ ပါကစ္စတန်၊ ဘင်္ဂါလီ၊ နီပေါလ် လူမျိုးများဟူ၍ တရားဝင် မှတ်တမ်း ထားရှိခဲ့ပါတယ်။ 
 
၁၉၅၈ ခုနှစ် အိမ်စောင့်အစိုးရလက်ထက်တွင် အမျိုးသားမှတ်ပုံတင် သက်သေခံ ကတ်ပြား ထုတ်ပေးရေးေ ဆာင်ရွက်ရာတွင် ရုံးလက်ခံပုံစံ(၁)မှတ်တမ်းများတွင် ရခိုင်ပြည်နယ်ရှိ ဘင်္ဂလားဒေ့ရှ်နိုင် ငံမှ ခေတ်အဆက် ဆက် ရောက်ရှိနေထိုင်ခဲ့ကြသူများအား မူဆလင်လူမျိုးများဟု ရေးသွင်းခဲ့ပြီး ၁၉၇၃ ခုနှစ်၊ သန်းခေါင်စာ ရင်း ကောက်ယူပြီးနောက်ပိုင်းတွင် မူဆလင်သည် ဘာသာ ဖြစ်၍ ပုံစံ(၁)များတွင် ဘင်္ဂလီလူမျိုး များဖြင့်သာ မှတ်တမ်းတင်ခဲ့ကြောင်း တွေ့ရပါတယ်။ 
 
သို့ဖြစ်ပါ၍ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် မေးမြန်းထားသည့်အတိုင်း မိမိဌာနအနေဖြင့် ဘင်္ဂလီလူမျိုး များဖြင့်သာ မှတ်တမ်းတင်ထားရှိကြောင်း ဖြေကြားအပ်ပါတယ်။ ယနေ့အချိန်အထိ စာရင်းဇယား ကောက် ယူခြင်း၊ စိစစ်ခြင်းများဆောင်ရွက်ရာတွင်လည်း နောက်ကြောင်းမရှိ တီထွင်ပြောဆိုနေသော လူမျိုးအမည် သစ်စာရင်းများကို ထည့်သွင်းဖော်ပြခြင်းမရှိဘဲ ရှေးနှစ်ပေါင်းများစွာကတည်းကပင် အတည်ပြုထားသော အမည်နာမအခေါ်အဝေါ်အတိုင်းပင် အသိအမှတ်ပြုခေါ်ဝေါ် အသုံးပြုဆဲ ဖြစ်ပါကြောင်း ဖြေကြားအပ်ပါတယ် ခင်ဗျား။ အားလုံးကို ကျေးဇူးတင်ပါတယ်။

No comments:

Post a Comment