Tuesday 20 November 2012

မီးများမီးနိုင်၊ ရေများရေနိုင် ဖြစ်နေပြီလား

မောင်ငြိမ်းချမ်း(ရန်ကုန်)

ရခိုင်ပြည်အရေးအခင်းသည် လွန်စွာစိတ်ဝင်စားဖို့ကောင်း သည့်အ တွက် ရခိုင်ပြည် သို့ တစ်လတာ ခရီးသွားရောက် ခဲ့သည်။
လေ့လာစရာများကို လေ့လာခဲ့သည်။ မှတ်သားစရာများ ကိုမှတ်သားခဲ့သည်။ မူလကတော့ စာရေးရန် မဟုတ်ပါ။ နောက်မှ စာရေးရန် စိတ်ကူးဖြင့် ရေးသားလိုက်ခြင်း ဖြစ်ပါသည်။
ရခိုင်ပြည်နယ်ဟုခေါ်သဖြင့် ရခိုင်တိုင်းရင်းသားများသာ အဓိကနေရပ်ဖြစ်သည်ကို ဦးစွာပြောလိုသည်။ 
 
သို့သော် လည်း လက်ရှိဖြစ်ပျက် နေသည်မှာ မီးများရာမီးနိုင်၊ ရေများ ရာရေနိုင်ဖြစ်နေသည်ကို သတိထားမိသည်။
ရခိုင်များက လွန်စွာရိုးသားပွင့်လင်းပြီး အရှိကိုအရှိ အတိုင်း ဖွင့်ဟတတ်ကြသူများဖြစ်သည်။ ရိုးရာအစဉ် အလာနှင့် မျိုးချစ်စိတ်ကြီးမားကြသည်။ ထိုသို့မျိုးချစ်စိတ် ကြီး မားသည့်အတွက်လည်း ယနေ့တိုင် ရခိုင်ပြည်ကြီးမှာ မားမားမတ်မတ်ရပ်တည်နေနိုင်ခြင်းဖြစ်သည်။
ဘင်္ဂလီများကကောက်ကျစ်သည်၊ အကွက်ကောင်းကို အမြဲတမ်းစောင့်နေသည်။ ယင်းအတွက် ယခုအခါသူတို့ အကွက်ကောင်းမိပြီဟု ယူဆပြီး ထအော်လိုက်ခြင်းဖြစ် သည်။ ထိုသို့အော်လိုက်သည်နှင့်တစ်ပြိုင်နက် ပေးကမ်း စွန့်ကြဲမည့်သူများ ချက်ချင်းကြီးရောက်လာတော့သည်။
သို့သော်လည်း ကမ္ဘာမှာ မျက်နှာလှအောင် အော်ချင်သ လိုအော်ကြသည်။ပြောချင်သလိုပြောကြသည်။ ရခိုင်တိုင်း ရင်းသားများအား ဖိအားပေးကြသည်။ ပြစ်တင်ဝေဖန်ကြ သည်များကို တွေ့ရသည်။
အဝေးက နေပြီးခံစားကြည့်၍မရခဲ့သော ခံစားချက်များ သည် ရခိုင်ပြည်သို့ရောက်လာမှ ပိုမိုသိရှိလာခဲ့ရသည်။ ထို ခံစားချက်ကို ရခိုင်တိုင်းရင်းသားများ(လက်ရှိအချိန်ထိနေ ထိုင်နေသူရခိုင်)ပိုမိုသိရှိနိုင်ပေမည်။ ကိုယ်တိုင်မျိုးမစစ်သူ များအတွက်တော့ ရခိုင်တိုင်းရင်းသားများ၏ မျိုးချစ်စိတ် ကို မည်သို့မျှခံစားတတ်မည်မထင်ပါ။ သွေးရောပြီးသား သူ များကလည်း သွေးကိုနောက်ထပ်ရောဖို့ကြောက်မည် မထင်လို့ ယူဆပါတယ်။
ရခိုင်သားများခံစားချက်ထဲတွင် အမှန်တရားများစွာ စီးဝင် နေသည်ကို မျက်ဝါးထင်ထင်တွေ့လိုက်ရချိန်မှာ ကျွန် တော်ပင် အတော်လေး မျက်ရည်လည်ခဲ့ရသည်။
ရခိုင်ကလူနည်းစုဖြစ်နေသဖြင့် ရခိုင်တိုင်းရင်းသားများကို ၀ိုင်းပြီးအပြစ်ပုံချခြင်းသည် လုံးဝမသင့်တော်သော လုပ်ရပ် ဖြစ်သည်ကို ခံစားချက်အပြည့်ဖြင့် ရင်ဖွင့်ချင်သည်။ ရခိုင် မှာ နောက်ခံအင်အားမရှိ၊ နောက်ခံထောက်ပံ့ပေးမည့်သူ မရှိ၊ နောက်ခံလက်နက်အင်အား၊လူအင်အားမရှိသဖြင့် ထို သို့ အပြစ်ပုံချကြခြင်းလား ဟုပင်တွေးမိသည်။
အခုဖြစ်နေသည်က အင်အားများရာဘက်သို့ လိုက်ပြီး ယိမ်းနေကြသည်ကိုတွေ့သည်။ ဘင်္ဂလီများကိုကြောက် ပြီး ရခိုင်ကိုမဲ နေမည်ဆိုလျင် ရခိုင်သားများ အထိနာကြ ဦးမည်။ လဲနေသူ ကူပေးပါဟု ပြောလျင်လည်း အခြား တိုင်းရင်းသားများ ရခိုင်ဘက်က ပါဝင်ကူညီရန် တွန့်ဆုတ် နေကြသည်မှာ ဘာကြောင့်လဲ ဆိုသည့်အချက်ကိုလည်း စဉ်းစားမိပါသည်။
ရခိုင်ကို လူများစုဟုပြောသူကပြော၊ မျက်ကမ်းဟုပြောသူ ကပြော၊ ပြောနေကြသည်မှာ ဘင်္ဂလီများနှင့်အနီးကပ် မနေ ထိုင်ခဲ့ဖူးသဖြင့် ဖြစ်ပေမည်။ ယနေ့ထိ ရခိုင်တိုင်းရင်း သားများသည် ကိုယ်အားကိုယ်ကိုး နေထိုင်စားသောက် နေကြရသည်။ ရခိုင်တိုင်းရင်းသားများကသာ ကိုယ့်လူမျိုး များကို ကူညီထောက်ပံ့နေကြသည်။
သို့သော်လည်း ဘင်္ဂလီများမှာ လက်ရှိတွင် ခြေဖျားလှုပ် ပြီး ထမင်းစားနေနိုင်ကြသည်။ လက်ဖျားတွင်ငွေသီးနေကြ သည်။ ရေမလှုပ်၊ကြာမစုတ် စားသောက်နေထိုင်ကြရ သည်။ ယင်းသို့ စားရသည်ကိုပင် ငိုပြနေကြသည်ကိုတွေ့ ရသည်။ ဟန်ဆောင်ကောင်းသူများနှင့် ဟန်မဆောင် တတ်ကြသူများအတွက် ကွားခြားချက်များ ဖြစ်သွားပြီး ငို ပြသူကိုသာ ကျွေးတတ်ကြသည်ကို တွေ့ရသည်။
ဒီအချိန်မှာ ပြည်သူတွေရွေးကောက်တင်မြောက်ထားတဲ့ ပြည်နယ်အစိုးရအဖွဲ့ကို ပြန်ကြည့်ရင်လည်း လုပ်ဆောင် ချက်အားနည်းခဲ့တာကိုတွေ့ရသည်။ ယင်းအတွက် ရခိုင် များဘက်က လည်း စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများဖြစ်ခဲ့ ကြရသည်။
အခြေအမြစ်မရှိသူများကို ဦးစားပေးနေခြင်းသည် နောက် ကွယ်က တွန်းအားပေးနေသူများကို ကြောက်နေခြင်း ကြောင့်ဖြစ်တယ်လို့ ဘယ်သူမှ ၀န်ခံရဲမှာမဟုတ်ပါဘူး။
အပြစ်မဲ့သူနဲ့ အပြစ်လုပ်သူကို ချပြနေကြတာမှားနေတယ် လို့ မြင်တယ်။ ဒီယုံမြင်လို့ ဒီခြုံကိုထွင်တာပါ။ ဘင်္ဂလီတွေ ကိုအသိအမှတ်ပြုပေးအောင်ချင်လို့ ဘင်္ဂလီတွေနောက် ကွယ်က ကောင်တွေက သွေးထိုးပေးတဲ့အတွက် ဒီလိုဖြစ် လာခဲ့တာလို့မြင်တယ်။ အဓိကတော့ ရခိုင်မှာ ဘင်္ဂလီ ဘယ်လောက်ရှိတယ်ဆိုတာကို အသိအမှတ်ပြုပေးစေချင် တာနဲ့ ထအော်လိုက်တာပါ။ ဒါမှ နောက်တစ်ခါဆိုရင် ဒီ အချိန်က ဘယ်လောက်ရှိခဲ့တယ်ဆိုတာကို ပြနိုင်အောင် လုပ်တာဖြစ်တယ်။ ရေရှည်အတွက် အကွက်ချပြီး ကျား ကွက်ရွှေ့တာလို့ မြင်တယ်။
ဒါပေမယ့် ရခိုင်တွေဟာ လူမျိုးပျောက်မှာကို လုံးဝလိုလား ကြမှာမဟုတ်သလို ဘယ်တော့မှလည်း လူမျိုးပျောက်မှာ မဟုတ်ပါဘူး။ ရခိုင်တွေ ဘယ်လောက်ပဲ နည်းနေပါစေ ရခိုင်ပြည်နယ်မှာ ရခိုင်တွေ ပိုင်နေရမယ်၊ ရခိုင်မျိုးလူမျိုး ဟာ အခိုင်အမာရှိနေမယ်လို့ ကျွန်တော်ယုံမိသည်။
ရေများရေနိုင်၊မီးများမီးနိုင်စနစ်ကိုရောက်နေပြီဆိုပေမယ့် ရခိုင်တွေဟာ ဘယ်တော့မှ အရှုံးပေးမှာမဟုတ်သလို ဘင်္ဂလီတွေကိုလည်း လုံးဝလက်ခံသွားမှာမဟုတ်ဘူးဆို တာ ကျွန်တော် အကြွင်းမဲ့ ယုံကြည်လိုက်ပါသည်။

No comments:

Post a Comment