Tuesday, 4 September 2012

သမ္မတနှင့် တိုင်းရင်းသားဝန်ကြီးများ တွေ့မည်

Published on September 4, 2012 by ရွှေအာင်  

ပြည်နယ်တိုင်းအစိုးရအဖွဲ့ဝင်တိုင်းရင်းသားရေးရာဝန်ကြီးတွေနဲ့သမ္မတဦးသိန်းစိန်တို့စက်တင်ဘာ ၇ရက်၊ နြေပည်တော်မှာ တွေ့ဆုံဖို့ရှိတယ်လို့အင်းတိုင်းရင်းသားရေးရာဝန်ကြီးဦးဝင်းမြင့်က ပြောပါတယ်။


ဒီမတိုင်ခင်ကတိုင်းရင်းသားရေးရာဝန်ကြီး၂၉ဦးရန်ကုန်မှာ တွေ့ဆုံဆွေးနွေးကြပီး သမ္မတထံ အြကံပြုစာပေးပို့ဖို့စီစဉ်ထားတာဖြစ်ပါတယ်။သမ္မတက တွေ့ဆုံဖို့ဖိတ်ကြားလာတဲ့အတွက် တိုင်းရင်းသားရေးရာဝန်ကြီးတွေစက်တင်ဘာ၅ရက်ရန်ကုန်မြို့မှာ ကြိုတင်ဆွေးနွေးကြဖို့ ရှိတယ်လို့ဦးဝင်းမြင့်က ပြောပါတယ်။သမ္မတဦးသိန်းစိန်ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာတိုင်းရင်းသားရေးရာဝန်ကြီးတွေလည်းပါဝင်ဆောင်ရွက်လိုတဲ့အြေကာင်းအပါအဝင်တိုင်းရင်းသားရေးရာ ကိစ္စရပ်တွေကိုသမ္မတထံ အြကံပြုဆွေးနွေးသွားဖို့ရှိတယ်လို့ဦးဝင်းမြင့်က ပြောပါတယ်။“တိုင်းရင်းသားရေးရာ ဝန်ကြီးတွေဟာ၂၀ဝ၈ခုနှစ်ဖွဲ့စည်းပုံ အြေခခံဥပေဒမှာ ပေါ်ပေါက်လာတဲ့အတွက်၊ဒီလိုပေါ်ပေါက်လာ တဲ့အေပ်ါနိုင်ငံတော်ရဲ့ ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာတတပ်တအား ပါဝင်စေချင်တယ်။ ကျေန်ာတို့ပါဝင်လို့ ငြိမ်းချမ်းသွားတယ်ဆိုလည်း ကျေန်ာတို့က သမိုင်းမှာဂုဏ်ယူချင်တဲ့ဆန္ဒပါ။
 ခေတ်အဆက်က ပြည်တွင်းငြိမ်းချမ်းရေး ကိစ္စကို တတ်နိုင်သေလာက် ဦးစားပေး အြကံပြုပေးမှာပါ။”“ဒုတိယအချက်ကေတာ့ ကျေန်ာတို့ တိုင်းရင်းသားများမှာတန်းတူရည်တူဖြစ်ရေး၊ ဒေသဖွံ့ဖြိုးရေးကို ဦးစားပေးဖို့ဆိုတာကေတာ့ဒါလေးတွေကိုတော့ကိုယ့်ဒေသအလိုက်ထူးခြားချက်လေးတွေကို ကျေန်ာတို့ အနည်းငယ်တင်ပြသွားမှာပါ။”တိုင်းရင်းသားရေးရာဝန်ကြီးတွေရဲ့ ရပိုင်ခွင့်၊လုပ်ပိုင်ခွင့်တွေနဲ့ပတ်သက်ပြီးသမ္မတက တွေ့ဆုံဆွေးနွေးမှာ ဖြစ်တယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။

http://burmese.dvb.no/archives/30295

No comments:

Post a Comment