Saturday 22 September 2012

အိုးပျဉ်တောင်ကျေးရွာတွင် ဘင်္ဂလီများ၏ ရန်ကို စိုးရိမ်း၍ လုံခြုံရေး ချထား


Written by မိုးဇော်    Sunday, 23 September 2012 00:18   


မင်းပြားမြို့နယ်၊ ပန်းမြောင်းအုပ်စု၊ အိုးပျဉ်တောင်ကျေးရွာတွင် လက်မချေကျေးရွာမှ ဘင်္ဂလီများ၏ရန်ကို စိုးရိမ်သဖြင့် အမှတ်(၅၄၀)တပ်ရင်းမှ လုံခြုံရေးတပ်သား(၇)ဦးခန့် ချထားကြောင်းသတင်း ရရှိသည်။
Min Bar
" ညနေ (၅) နာရီခန့်က ဗျိုင်းနက် စိုက်ခင်းအနီးမှာ ဘင်္ဂလီလူတစ်စုကို ကျွဲကျောင်းသား တစ်ယောက်ကမြင်လို့ လန့်ပြီးပြေးလာတယ်။ ရွာသားတွေက လိုက်သွားတော့ ဘင်္ဂလီ (၇) ဦးအပြင် မလှမ်းမကမ်းက နေက်ကလိုက်ပြီး စာင့်ကြည့်နေတဲ့ ဘင်္ဂလီ(၁၀၀)လောက်ကိုလည်း တွေ့ရတယ်။ 


ရွာသားတွေအင်အားနဲ့ဝိုင်းပြီး မောင်းထုတ်လိုက်တော့ အဲဒီဘင်္ဂလီတွေ ထွက်ပြေးသွားတယ်။ သူတို့ထွက်သွားပြီးနောက်မှာ အ၀တ်ထုတ် (၃) ထုတ်နဲ့ ဓါးတစ်လက်ကျန်ခဲ့တယ်။ စောင့်ကြည့်နေတဲ့ဘင်္ဂလီတွေလည်း ထွက်ပြေးသွားတယ်။ " ဟု ရွာသားတစ်ဦးက ပြောသည်။
အိုးပျဉ်တောင် ကျေးရွာသားများက ဘင်္ဂလီများ၏ ရန်ကို စိုးရိမ်သဖြင့် ကျေးရွာအုပ်ချုပ်ရေးမှူးမှ လုံခြုံရေစခန်းသို့ အကြောင်းကြားလိုက်ခြင်းကြောင့် လက်ရှိတွင် အမှတ်(၅၄၀)တပ်ရင်းမှ လုံခြုံရေး တပ်သား(၇)ဦးခန့် ချထားကြောင်းသတင်း ရရှိသည်။ အသေးစိတ်ကို ကျနော်တို့ အာရ်ကန်တိုင်းမ်စ်မှ ဆက်လက်စုံစမ်းနေပါသည်။

http://arakantimes.net/burmese/index.php/2012-02-24-06-58-57/471-2012-09-22-17-28-41

No comments:

Post a Comment