နှုတ်ထွက်ခွင့်ပြုခဲ့သည့် ကလေးစစ်သားများအား တွေ့ရစဉ်
ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) အစီအစဉ်ဖြင့် တပ်မတော်အတွင်း ရောက်ရှိနေသည့် အရွယ် မရောက်သေးသူ ကလေးသူငယ် ၄၂ဦး ကို နုတ်ထွက်ခွင့်ပြုခဲ့ပြီး ၄င်းတို့၏ မိဘများထံသို့ စက်တင်ဘာလ ၃ ရက်နေ့က ရန်ကုန်မြို့ အမှတ်(၁) စစ်ကြောရေးနှင့် တည်းခိုရေးစခန်းတွင် ပြန်လည် လွှဲပြောင်းပေးအပ်ခဲ့ သည်။ ထို့ပြင် နုတ်ထွက်ခွင့်ပြုခဲ့သည့် ကလေးသူငယ်များကို တပ်မတော် မှ နုတ်ထွက်ခွင့်ပြု လက် မှတ်နှင့် နိုင်ငံသားစိစစ်ရေးကဒ်ပြားများကို တစ်ဦးချင်း ပေးအပ်ခဲ့သည်။
No comments:
Post a Comment